၂၀၂၅ ခုနှစ် ဧပြီလ ၂၆ ရက်နေ့အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းတွေကတော့ …
🚨 ဧပြီလ ၂၃ ရက်နေ့က တာကီနိုင်ငံမှာ အင်စတန်ဘူလ်မြို့ကို ဗဟိုပြုပြီး ပြင်းအား ၆ ဒဿမ ၂ ရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ဒေသနေလူထု ၅၀ ခန့်ဟာ ငလျင်ကြောင့် ထိတ်လန့်တုန်လှုပ်ခဲ့ရတယ်လို့ သတင်းပို့မှုများ ရှိခဲ့တာ ဖြစ်ပါတယ် …
အဲဒီငလျင်က အခုနှစ်ပိုင်း လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေထဲမှာ အဆိုးရွားဆုံးဖြစ်ခဲ့ကာ နောက်ဆက်တွဲ ငလျင်အချို့ လှုပ်ခတ်ခဲ့ပြီး လူ ၁၅၁ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရှိရပါတယ် …
🚨 နယူဂျာစီနိုင်ငံမှာ တောမီးလောင်ကျွမ်းနေပြီး ဧက ၁ သောင်း ၅ ထောင်ထက်မနည်း ပျက်စီးဆုံးရှုံးဖို့ရှိနေကာ ပြည်သူ ၅ ထောင်ခန့်ကို နေရာရွှေ့ပြောင်းပေးပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေတယ်လို့ သိရပါတယ် …
တောမီးလောင်ကျွမ်းမှုကို ရှို့မီးဖြစ်တယ်လို့ ယူဆရကာ အသက် ၁၉ နှစ်အရွယ် သံသယရှိသူတစ်ဦးကို စစ်ဆေးမှုများ ပြုလုပ်နေတာ ဖြစ်ပါတယ် …
Photo Credit: Google
ကိုးကားချက် (References):
https://www.bbc.com/news/live/cm2yly2j4k9t
https://www.bbc.com/news/articles/c89g5y9ekkno
Facebook 👉 https://www.facebook.com/dreamforgreenmyanmar
Instagram 👉 https://www.instagram.com/dreamforgreen.myanmar
Youtube 👉 https://www.youtube.com/channel/UCcoeghnZc88UBLiDk6Nueqw/featured
#DreamforGREEN #စိမ်းလန်းခြင်းအတွက်အိပ်မက် GREENforAllonEarth #26Apr2025News

Comments
Post a Comment