သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့ Greenies လေးတို့ရေ … 🍀
အောက်တိုဘာ ၁၃ ရက်နေ့ဟာ "Disaster Risk Reduction Day" သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်ခြေရှိတဲ့ ထိခိုက်ပျက်စီးမှုတွေကို လျှော့ချရေးနေ့ ဖြစ်ပါတယ် 🌪⚡️⛈
မြေငလျင်၊ ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခြင်း၊ လေဆင်နှာမောင်း၊ မိုးခေါင်ခြင်း၊ အပူချိန်များ မြင့်တက်ခြင်း၊ သဲမုန်တိုင်း၊ မီးတောင်ပေါက်ကွဲခြင်းနဲ့ တောမီးလောင်ခြင်း စတဲ့ သဘာဝဘေးအန္တရာယ် သတိပေးချက်တွေကို သက်ဆိုင်ရာ နိုင်ငံတွေကတစ်ဆင့် အစုအဖွဲ့တိုင်း လူတိုင်း စောလျင်စွာ သိရှိနိုင်ဖို့ လိုအပ်ချက်တွေအလိုက် ကိုက်ညီတဲ့ စနစ်တွေကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်ပြီး ၂၀၂၂ ခုနှစ်အတွက် Theme ကို "Early Warning for All" အဖြစ် UNDRR (United Nations Office for Disaster Risk Reduction) က ကြေငြာချက် ထုတ်ပြန်ထားပါတယ် 📌
၂၀၂၁ ခုနှစ်အတွင်း ကမ်ဘာတဝှမ်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုပေါင်း ၄၃၂ ခု ဖြစ်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၅၂ ဘီလီယံ ပျက်စီးဆုံးရှုံးခဲ့တာဖြစ်ပါတယ် ... ဘေးအန္တရာယ်ဖြစ်ပွားမှုရဲ့ ၄၀% ဟာ အာရှဒေသတွေမှာ ဖြစ်ကာ ၄၄% က ရေကြီးမှုကြောင့်လို့ UNDRR ရဲ့ အစီရင်ခံစာများအရ သိရပါတယ် 📈
ဒါကြောင့် သဘာဝဘေးအန္တရာယ်မဖြစ်ခင် ကြိုတင်သိရှိပြီး ပြင်ဆင်မှုတွေ ကာကွယ်မှုတွေ လုပ်ဆောင်ကြဖို့ အလွန် အရေးကြီးပါတယ် ...
မိုးလေဝသနဲ့ သဘာဝဘေးဆိုင်ရာ သတင်းအချက်အလက်များကို လူတိုင်း လက်လှမ်းမီနိုင်မယ့် Platform များဖန်တီးကာ ထို Platform များမှတစ်ဆင့် လုပ်ဆောင်ရမယ့် အချက်အလက်များကို သိရှိပြီး တစ်ဦးနဲ့ တစ်ဦး မျှဝေပေးကြမယ်ဆိုရင် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်လာမယ့် ပျက်စီးဆုံးရှုံးမှုတွေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ် 💚
ကိုးကားချက် (References):
https://www.genevaenvironmentnetwork.org/events/international-day-for-disaster-risk-reduction-2022/
https://www.bbc.com/weather/1298824
Ğŕėēñïëś လေးတို့ မျှဝေချင်တာလေးတွေ၊ အကြံပြုချင်တာလေးတွေ ရှိရင်
Facebook 👉 https://www.facebook.com/dreamforgreenmyanmar/
Instagram 👉 https://www.instagram.com/dreamforgreen.myanmar/
Youtube 👉 https://www.youtube.com/channel/UCcoeghnZc88UBLiDk6Nueqw/featured
Tiktok 👉 https://www.tiktok.com/@dreamforgreenmyanmar
Blog 👉 https://dreamforgreenmyanmar.blogspot.com တွေမှာ အချိန်မရွေး ဆက်သွယ် အကြံပြုလို့ ရပါတယ် …
#DreamforGREEN #GREENforAllonEarth#စိမ်းလန်းခြင်းအတွက်အိပ်မက် #DisasterRiskReductionDay2022 #EarlyWarningForAll

Comments
Post a Comment