Tips - အလင်းရောင် ညစ်ညမ်းမှု ဆိုတာ ဘာကိုပြောတာလဲ သိပါသလား?

Greenies လေးတို့ရေ … 🍀 

🔆 "Light Pollution" အလင်းရောင် ညစ်ညမ်းမှု ဖြစ်စေတယ် ဆိုတာ ဘာကိုပြောတာလဲ သိပါသလား?

✅ အဓိက အကြောင်းရင်းကတော့ ညဘက်မှာ မလိုအပ်ပဲ ဖွင့်ထားတဲ့ မီးသီး၊ မီးလုံးနဲ့ မီးချောင်း စတဲ့ အလင်းရောင်တွေကြောင့် အလင်း ညစ်ညမ်းမှု ဖြစ်ရပါတယ် ...

🔆 အလင်း ညစ်ညမ်းမှုက ဘယ်အရာတွေကို ထိခိုက်မှု ဖြစ်စေသလဲ? 

✅ ညဘက် စူးရှတောက်ပလွန်းတဲ့ မြို့ပြရဲ့ မီးအရောင်တွေကြောင့် ကမ်ဘာမြေကြီးကို သဟဇာတ ဖြစ်စေတဲ့ အင်းဆက်တွေရဲ့ သဘာဝဖြစ်စဉ်တွေကို နှောင့်နှေးပျက်စီးစေတဲ့အပြင်ကို ကမ်ဘာ့သက်ရှိတွေအတွက် အလွန်အရေးပါတဲ့ သစ်ပင်လေးတွေရဲ့ Photosythesis အလင်းမှီစု အစာချက်တဲ့ လုပ်ငန်းကို ဆိုးရွားတဲ့ သက်ရောက်မှုတွေ ဖြစ်စေပါတယ် ...

✅ ဒါ့အပြင် ညအလင်းရောင်တွေဟာ ပင်လယ်လိပ်တွေရဲ့ ဥဥခြင်းဖြစ်စဥ်ကို အနှောင့်အယှက်ဖြစ်စေပြီး ငှက်တွေ အုပ်စုလိုက် ပျံသန်းခြင်းနဲ့ ရွှေ့ပြောင်းနေထိုင်တဲ့ ဖြစ်စဉ်အတွက် အတားအဆီး ဖြစ်စေပါတယ် ...  

🔆 အလင်း ညစ်ညမ်းမှုကြောင့် ဒို့တွေရဲ့ ကမ်ဘာမြေကို ဆိုးကျိုးတွေ မဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲ? 

✅ နေ့ဘက် ညဘက်တွေမှာ မလိုအပ်ပဲ ဖွင့်ထားတဲ့ မီးတွေကို ပိတ်ပေးပါ ...

✅ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေမယ့် LED မီးလုံးနဲ့ CFL မီးလုံးတွေကို အသုံးပြုပေးပါ ...


ဒါတွေ လုပ်ခြင်းအားဖြင့် တစ်ကမ်ဘာလုံး အတိုင်းအတာအနေနဲ့  နှစ်စဉ် ၂% လောက်တိုးလာနေတဲ့  အလင်း ညစ်ညမ်းမှုကို လျှော့ချနိုင်မယ့်အပြင် စွမ်းအင် အသုံးစရိတ် ချွေတာရာလဲ ရောက်တာမို့ သတိတရနဲ့ နေ့စဉ်မပြတ် လုပ်ဆောင်ကြရအောင်နော် 💚



ကိုးကားချက် (References):

https://www.unep.org/news-and-stories/story/global-light-pollution-affecting-ecosystems-what-can-we-do

https://greenerideal.com/infographics/best-eco-friendly-light-bulbs-reduce-light-pollution/


Ğŕėēñïëś လေးတို့ မျှဝေချင်တာလေးတွေ၊ အကြံပြုချင်တာလေးတွေ ရှိရင် 

Facebook 👉 https://www.facebook.com/dreamforgreenmyanmar/

Instagram 👉 https://www.instagram.com/dreamforgreen.myanmar/

Youtube 👉 https://www.youtube.com/channel/UCcoeghnZc88UBLiDk6Nueqw/featured

Tiktok 👉 https://www.tiktok.com/@dreamforgreenmyanmar

Blog 👉 https://dreamforgreenmyanmar.blogspot.com တွေမှာ အချိန်မရွေး ဆက်သွယ် အကြံပြုလို့ ရပါတယ် … 


#DreamforGREEN #GREENforAllonEarth #စိမ်းလန်းခြင်းအတွက်အိပ်မက် #Tips #LightPollution

Comments