၂၀၂၂ခုနှစ် နိုဝင်ဘာလ ၆ရက်နေ့အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းတွေကတော့ …
✅ ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာပြည်နယ်ရဲ့ ကမ်းလွန်ပင်လယ်မှာ ဝေလငါးကြီးတစ်ကောင်ဟာ ပါးစပ်ထဲမှာ မီတာ ၁၀၀ ခန့်ရှိတဲ့ ငါးဖမ်းကြိုးတွေ ငြိနေတာကြောင့် ကူညီပေးဖို့ အကြောင်းကြားမှုတွေ ရရှိခဲ့တဲ့အတွက် ပင်လယ်သတ္တဝါကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က ကြိုးမှာ ခြေရာခံစက်တပ်ပြီး ဒရုန်းများ အသုံးပြု လိုက်လံရှာဖွေကာ ပါးစပ်ထဲက ငါးဖမ်းကြိုးတွေကို အောင်မြင်စွာ ဖယ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။
အသေးစိတ်ကို ဖော်ပြပါ Video link ➡️ https://youtu.be/zT35EBrXN9o မှာ ကြည့်ရှုနိုင်ပါတယ်။
⚠️ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ လွန်ခဲ့တဲ့ ရက်သတ္တပတ်ကစပြီး လေထုသိသိသာသာ ညစ်ညမ်းလာတာကြောင့် အစိုးရက စက်ရုံ၊ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ အလုပ်ရုံတချို့ကို ယာယီပိတ်ထားဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။
မြို့တဝိုက််မှာ မြူခိုးများ ဆိုင်းနေပြီး ကလေးငယ်တွေရဲ့ ကျန်းမာရေးအခြေအနေအတွက် စိုးရိမ်ရတာကြောင့် မူလတန်းကျောင်းတွေ ပိတ်ထားပြီး အခြားကျောင်းတွေကိုတော့ ကျောင်းပြင်ပ လှုပ်ရှားမှုဆိုင်ရာ သင်ကြားရေးတွေ မလုပ်ဖို့ တားမြစ်ထားပါတယ်။
လေထု ညစ်ညမ်းမှု အညွှန်းကိန်း (Air Quality Index - AQI) ဟာ ၄၇၀ အထိဖြစ်ခဲ့ပြီး တစ်ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်ရှိ သတ်မှတ်အညွှန်းကိန်းထက် ၁၀ ဆ မြင့်မားနေတာ ဖြစ်ပါတယ်။
Photo Credit: Google
ကိုးကားချက် (References):
https://www.channelnewsasia.com/asia/india-new-delhi-smog-haze-air-pollution-3044111
#DreamforGREEN #GREENforAllonEarth #စိမ်းလန်းခြင်းအတွက်အိပ်မက် #6Nov22News

Comments
Post a Comment