ခရီးသွားခြင်းကို ခုံမင်ကြတဲ့ Greenies လေးတို့အတွက် Toiletries Checklist နဲ့ Eco-friendly Tips

Greenies တို့ရေ … 🍀

ခရီးသွားတလိုင်း Travelholic တို့အတွက် Toiletries Checklist လေးကို လက်ဆောင်အဖြစ် ပေးလိုက်မယ်နော် 🎁



တိုက်ရိုက် Download လုပ်ရန် Link: Toiletries Checklist for Travelholic.png

Toiletries Checklist လေးနဲ့အတူ နိုင်ငံတကာမှာ ခေတ်စားလာနေတဲ့ Eco-friendly လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု နည်းနိုင်သမျှနည်းအောင် နေထိုင် စားသောက် ပြုမူမှု ပုံစံ နည်းနာအချို့ကို လှပတဲ့ သဘာဝတရားကို ချစ်မြတ်နိုးကြတဲ့ ခရီးသွားတလိုင်းတို့အတွက် မျှဝေပေးလိုက်ပါတယ် 🍀

🚌 Transportation: ခရီးသွားတဲ့အခါ ကား၊ လေယာဉ်နဲ့ ရထားတို့က ထွက်တဲ့ Carbon Dioxide (CO2) လျှော့ချတဲ့အနေနဲ့ အများသုံးယာဉ်တွေဖြစ်တဲ့ Bus၊ Express ကားလိုင်းနဲ့ ရထားတို့ကို ရွေးချယ် စီးနင်းရပါမယ် (ဒါမှမဟုတ်) အများသုံးယာဉ် စီးနင်းဖို့ အခက်အခဲရှိတယ်ဆိုရင်တော့ ကိုယ့်ရဲ့ မိတ်ဆွေ၊ အသိတွေနဲ့ အတူတူ သွားလာတာမျိုးကို လုပ်သင့်ပါတယ် ...

🏨 Hotel/ Motel: Hotel နဲ့ Motel တွေကို ရွေးချယ်တဲ့နေရာမှာလဲ ဒေသခံပြည်သူတွေနဲ့ အဲဒီဒေသရဲ့ သဘာဝပတ်ဝန်းကျင်ကို တနည်းတဖုံနဲ့ ပြန်လည်အကျိုးပြုနေတဲ့ တည်းခိုခန်းတွေကို ဦးစားပေး စဉ်းစားသင့်ပါတယ် ... 

💡Save Energy: ကိုယ်တည်းခိုတဲ့နေရာကနေ အပြင်သွားတဲ့အခါ မီး၊ အဲယားကွန်းနဲ့ အခြား လျှပ်စစ်ပစ္စည်းတွေကို ပိတ်ခဲ့တာဟာ စွမ်းအင် ချွေတာရာရောက်တဲ့အပြင် မီးဘေးအန္တရာယ်မဖြစ်အောင် ကာကွယ်ပြီးသားလဲ ဖြစ်ပါတယ် ... 

🍜🛍🎁 Local Product: ဒေသရဲ့ စီးပွားရေးလုပ်ငန်းတွေကို အထောက်အကူပြုတဲ့အနေနဲ့ရော လည်ပတ်သူတွေအတွက် အသစ်အဆန်းဖြစ်စေမယ့် ချစ်စရာဓလေ့တွေကို ခံစားလေ့လာတဲ့အနေနဲ့ပါ ဒေသအစားအစာတွေနဲ့ ဒေသထွက်ကုန် Handmade လေးတွေကို ဝယ်ယူအားပေးသင့်ပါတယ် ...

🧼🧴🧽 Toiletries: ခရီးသွားတွေအနေနဲ့ ကိုယ့်အတွက် ပြန်လည် အသုံးပြုလို့ရတယ်ဆိုရင် Hotel တွေရဲ့ Toiletries ပစ္စည်းတွေဖြစ်တဲ့ ရေချိုးဆပ်ပြာရည်ဘူး၊ ခေါင်းလျှော်ရည်ဘူး၊ သွားတိုက်တံနဲ့ ဆပ်ပြာတုံးစတာတွေကို ကိုယ့်ရဲ့ Travel Set Package အနေနဲ့ Reuse ပြန်လုပ်လို့ရပါတယ် ...  

♻️ Hotel တွေအနေနဲ့ Eco-friendly Packaging Design ကို အသုံးပြုသင့်တဲ့အပြင် Toiletries ပစ္စည်း Container တွေကို သန့်စင် ပိုးသတ်ပြီး ပြန်လည် အသုံးပြု (Reuse) လို့ရပါတယ် ... ဒါ့အပြင် Toiletries Suppliers တွေနဲ့ ချိတ်ဆက်ပြီး Toiletries Packagaing နဲ့ Container တွေကို ပြန်လည် ထုတ်လုပ်မှု (Recycle) ပြုလုပ်ကာ Toiletries Cost အသုံးစရိတ်ကို လျှော့ချနိုင်မယ့်အပြင် လူမှုပတ်ဝန်းကျင်ကို တဖက်တလမ်းက အကျိုးပြုနိုင်ပြီး ကိုယ့်လုပ်ငန်းရဲ့ ပုံရိပ်ကို မြှင့်တင်နိုင်မှာဖြစ်ပါတယ် ... 


Ğŕėēñïëś လေးတို့ မျှဝေချင်တာလေးတွေ၊ အကြံပြုချင်တာလေးတွေ ရှိရင် 

Facebook 👉 https://www.facebook.com/dreamforgreenmyanmar

Instagram 👉 https://www.instagram.com/dreamforgreen.myanmar

Youtube 👉 https://www.youtube.com/channel/UCcoeghnZc88UBLiDk6Nueqw/featured

Tiktok 👉 https://www.tiktok.com/@dreamforgreenmyanmar

Blog 👉 https://dreamforgreenmyanmar.blogspot.com တွေမှာ အချိန်မရွေး ဆက်သွယ် အကြံပြုလို့ ရပါတယ် … 


#DreamforGREEN #GREENforAllonEarth #စိမ်းလန်းခြင်းအတွက်အိပ်မက် #Travelholic #ToiletriesList #Gift #EcoFriendly #Tips

Comments