Quiz - မြို့တော် (၃) ခု ထဲက ဘယ်မြို့က လေထုအညစ်ညမ်းဆုံးဖြစ်မလဲ?

Greenies တို့ရေ … 🍀

Quiz လေးတစ်ခု ဖြေကြည့်ရအောင်❔

လူနေထူထပ်တဲ့ မြို့ပြရဲ့ လေထုညစ်ညမ်းရခြင်းကြောင့် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေထဲက အသိသာဆုံးဖြစ်တဲ့ အပြင်သွားလာပြီးနောက်မှာ အသက်ရှုမဝဖြစ်ခြင်း၊ မျက်စိစပ်ခြင်း၊ လည်ချောင်းယားယံခြင်းနဲ့ ချောင်းဆိုးခြင်းစတာတွေကို လူတိုင်း ခံစားဖူးကြမှာပါ 😷 

ဒါကြောင့် အပြင်သွားလာတော့မယ်ဆိုရင် ကိုယ်ရောက်နေတဲ့နေရာရဲ့ လေထုညစ်ညမ်းမှုအညွှန်းကိန်းကို သိရှိဖို့လိုပါတယ် အညွှန်းကိန်းများလေလေ အန္တရာယ်များလေလေ ဖြစ်တာမို့ ပေးထားတဲ့ မြို့တော် (၃) ခု ထဲက ဘယ်မြို့က လေထုအညစ်ညမ်းဆုံးဖြစ်မလဲ ခန့်မှန်းကြည့်ကြရအောင် ✅

A လား B လား C လား ?

(A) ရန်ကုန်

(B) ဘန်ကောက်

(C) တိုကျို



အဖြေမှန်က …

…..

…..

…..

…..

…..

(A) ရန်ကုန် ဖြစ်ပါတယ် ✔🎉💚

ဆောင်းရာသီမှာ ရပ်ကွက်ထဲ မသိလို့ဖြစ်စေ သတိမထားမိလို့ဖြစ်စေ လုပ်လေ့လုပ်ထရှိတဲ့ လေထုညစ်ညမ်းရခြင်းရဲ့ အဓိက အကြောင်းရင်းတွေထဲက တခုဖြစ်တဲ့ အမှိုက်မီးရှို့ခြင်းကို မလုပ်ကြပဲ သစ်ရွက်ခြောက်နဲ့ စားကြွင်းစားကျန်တွေကို ဆွေးမြေ့စေပြီး မြေသြဇာအဖြစ် ပြန်လည် အသုံးပြုလို့ရပါတယ် 🍂

Composting လုပ်ဖို့ အခက်အခဲရှိတယ်ဆိုရင်တော့ မီးမရှို့ပဲ အမှိုက်တွေကို အမှိုက်ပုံးတွေထဲကိုသာ စနစ်တကျ စွန့်ပစ်ကြပါလို့ မှာချင်ပါတယ် 🔥🚫

Greenies တို့အတွက် လေထုညစ်ညမ်းမှု အညွှန်းကိန်းကို အလွယ်တကူ ရှာဖွေသိရှိနိုင်မယ့် Link လေးကို မျှဝေပေးလိုက်ပါတယ် ➡️ https://breathelife2030.org/city_data/

Ğŕėēñïëś လေးတို့ မျှဝေချင်တာလေးတွေ၊ အကြံပြုချင်တာလေးတွေ ရှိရင် 

Facebook 👉 https://www.facebook.com/dreamforgreenmyanmar

Instagram 👉 https://www.instagram.com/dreamforgreen.myanmar

Youtube 👉 https://www.youtube.com/channel/UCcoeghnZc88UBLiDk6Nueqw/featured

Tiktok 👉 https://www.tiktok.com/@dreamforgreenmyanmar

Blog 👉 https://dreamforgreenmyanmar.blogspot.com တွေမှာ အချိန်မရွေး ဆက်သွယ် အကြံပြုလို့ ရပါတယ် … 


#DreamforGREEN #GREENforAllonEarth #စိမ်းလန်းခြင်းအတွက်အိပ်မက် #Quiz #AirPollutionIndex

Comments