သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့ Greenies လေးတို့ရေ … 🍀
မတ်လ ၂၁ ရက်နေ့ဟာ နိုင်ငံတကာ သစ်တောသစ်ပင် ထိန်းသိမ်းကာကွယ်ရေးနေ့ “International Day of Forests” ဖြစ်ပါတယ် 💚
၂၀၂၃ ခုနှစ်အတွက် Theme ကတော့ “Healthy Forests for Healthy People” ဖြစ်ပြီး သစ်တောသစ်ပင်တွေ စိမ်းလန်းကျန်းမာပါမှ လူသားတွေရဲ့ ဘဝ ကျန်းမာပျော်ရွှင်မှာ ဖြစ်တဲ့အတွက် သစ်တောသစ်ပင်တွေ ဆက်လက် ရှင်သန်စိမ်းလန်းနေအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ အသိပေး မျှဝေထားပါတယ် 🌳
တို့တွေ ရေသောက်ကြတယ်၊ Notebook မှာ စာရေးတယ်၊ နေမကောင်းလို့ ဆေးမှီဝဲတယ်၊ အိမ်ဆောက်တယ် ဒီလိုအရာတွေဟာ သစ်တောသစ်ပင်တွေနဲ့ ဆက်စပ်နေတယ်လို့ သိပ်ပြီးတော့ မတွေးမိကြပါဘူး တကယ်တော့ လူတွေရဲ့ နေထိုင်မှုဘဝ နေရာတော်တော်များများဟာ သစ်တောသစ်ပင်တွေနဲ့ တနည်းမဟုတ်တနည်း ဆက်စပ်နေတာ ဖြစ်ပါတယ်
သစ်တောသစ်ပင်တွေက လူသားတွေရဲ့ ကျန်းမာရေးအတွက် အများကြီး အကျိုးပြုနေတာ ဖြစ်တယ်
ရေတွေကို ကြည်လင်သန့်ရှင်းစေတယ်
လေကို သန့်စင်ပေးတယ်
ကာဗွန်ထုတ်လွှတ်မှုတွေကြောင့် ရာသီဥတုပြောင်းလဲလာမှုကို တားဆီးပေးတယ်
အပင်တွေကနေတဆင့် အစားအစာကို ရရှိတယ်
ရောဂါတွေကို ပျောက်ကင်းစေမယ့် ဆေးဖက်ဝင် ပစ္စည်းတွေကို ဖော်စပ်လို့ရတယ်
သစ်တော သစ်ပင်တွေကြောင့် လူတွေရဲ့ ဘဝ ကျန်းမာပျော်ရွှင်ရတယ်
ဒီလောက် တန်ဖိုးရှိတဲ့ ကမ္ဘာမြေရဲ့ သဘာဝ အရင်းအမြစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လူသားတွေမှာ တာဝန်ရှိပါတယ်
၂၀၂၃ ခုနှစ်ရဲ့ Theme ဖြစ်တဲ့ “Healthy Forests for Healthy People” နဲ့ အညီ သစ်တောသစ်ပင်တွေကို အစဉ်အမြဲ ရှင်သန်စိမ်းလန်းနေအောင် တလှည့် ပြန်ပြီး ပေးဆပ် ထိန်းသိမ်းစောင့်ရှောက်ဖို့ တိုက်တွန်းလိုက်ပါရစေ 🌳
FAO မှ International Day of Forests အတွက် တင်ဆက်ထားတဲ့ Video လေးကို မြန်မာဘာသာနဲ့ ပြန်လည် ဖော်ပြပေးထားပါတယ်
Video ကြည့်ရှုရန် Link ➡️ https://youtu.be/PYiGYk5KlIM
ကိုးကားချက် (References):
https://www.un.org/en/observances/forests-and-trees-day
Ğŕėēñïëś လေးတို့ မျှဝေချင်တာလေးတွေ၊ အကြံပြုချင်တာလေးတွေ ရှိရင်
Facebook 👉 https://www.facebook.com/dreamforgreenmyanmar
Instagram 👉 https://www.instagram.com/dreamforgreen.myanmar/
Youtube 👉 https://www.youtube.com/channel/UCcoeghnZc88UBLiDk6Nueqw/featured
Tiktok 👉 https://www.tiktok.com/@dreamforgreenmyanmar
Blog 👉https://dreamforgreenmyanmar.blogspot.com တွေမှာ အချိန်မရွေး ဆက်သွယ် အကြံပြုလို့ ရပါတယ် …

Comments
Post a Comment