ကမ္ဘာ့ ရေအရင်းအမြစ် ထိန်းသိမ်းကာကွယ်ရေးနေ့ “World Water Day” 2023

 သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့ Greenies လေးတို့ရေ … 🍀

မတ်လ ၂၂ ရက်နေ့ဟာ ကမ္ဘာ့ ရေအရင်းအမြစ် ထိန်းသိမ်းကာကွယ်ရေးနေ့ “World Water Day” ဖြစ်ပါတယ် 💚




၂၀၂၃ ခုနှစ်အတွက် Theme ကတော့ “Be the Change You Want to See in the World” ကမ္ဘာမှာ သဘာဝ အရင်းအမြစ်တွေ ညစ်ညမ်း ပျက်စီးဆုံးရှုံးမှု ပပျောက်ပြီး စိမ်းလန်းကျန်းမာလာစေဖို့ ကိုယ်တိုင်က အပြောင်းအလဲ စလုပ်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ် 💦

ရှေးကျတဲ့ ပုံပြင်တွေထဲမှာ Humming Bird လေးဟာ တောမီးလောင်နေတာကို ရေစက်လေးတွေ သူတတ်နိုင်သလောက် သယ်သယ်လာပြီး ငြိမ်းစေပါတယ် အဲဒါကြောင့် တို့တွေအနေနဲ့လဲ နေ့စဉ်ဘဝမှာ ကိုယ်တတ်နိုင်တဲ့နေရာက ပါဝင်ဆောင်ရွက်လို့ရပါတယ် 🦜

ကမ္ဘာပေါ်က ရေအရင်းအမြစ်တွေကို ထိန်းသိမ်းကာကွယ်ဖို့ Greenies တို့တွေအနေနဲ့ ဘယ်လိုပါဝင်လို့ရမလဲဆိုတော့ -

✅ ရေကို ချွေတာသုံးစွဲတဲ့အနေနဲ့ လုပ်လေ့ရှိတဲ့ အလေ့အကျင့်လေးတွေကို Sample sentences လေး ၃ ခု ထဲက ကြိုက်နှစ်သက်ရာ sentence လေးနဲ့ #WorldWaterDay #WaterAction လေးတွေသုံးပြီး အများသိအောင် မျှဝေပေးပါ

Right now, we face a water and sanitation crisis. Play your part to solve it. To help, I am [...] #WorldWaterDay #WaterAction

The actions we take – no matter how small – make a difference. [...] is my solution to help solve the water crisis. #WorldWaterDay #WaterAction

In the ancient story of the hummingbird, she carries drops of water to put out a great fire. She was doing everything she could. Like the hummingbird, I am doing what I can by [...] #WorldWaterDay #WaterAction

ဥပမာအားဖြင့် -

✅ ရေဘုံဘိုင်မှာ ရေမယိုစေဖို့ သတိထားပြီး ရေပိုက်ခေါင်းကို ပိတ်ပါတယ်

✅ ရေချိုးနေစဉ်မှာ ရေကို အလဟဿ မဖြုန်းတီးပါဘူး

✅ ရေတွေ မညစ်ညမ်းစေဖို့ ရေမြောင်းတွေထဲကို အမှိုက်မပစ်ပါဘူး

✅ ကိုယ့်ဒေသမှာရှိတဲ့ မြစ်၊ ကန်၊ ချောင်းနဲ့ ကမ်းခြေတွေကို အခါအားလျော်စွာ သန့်ရှင်းကြပါတယ်

✅ အပင်လေးတွေကို ရေလောင်းတဲ့အခါ ရေ အလဟဿ မဖြစ်စေဖို့ Raingarden နည်းနဲ့ ပန်းခြံလေးတွေကို စိုက်ပျိုးပါတယ်

ကမ္ဘာ့ ရေအရင်းအမြစ်တွေကို ညစ်ညမ်းပျက်စီးစေမယ့် အကြောင်းရင်းတွေနဲ့ ထိန်းသိမ်းကာကွယ်လို့ရမယ့် နည်းလမ်းလေးတွေကို ကိုယ့်ရဲ့ လူမှုအသိုင်းအဝိုင်းမှာ သတိထားမိလာပြီး အလေ့အကျင့်လေးတွေ စတင် ပြောင်းလဲလာစေဖို့ ဆက်လက် ပါဝင်လုပ်ဆောင် မျှဝေပေးကြပါဦးနော် 💚



Ğŕėēñïëś လေးတို့ မျှဝေချင်တာလေးတွေ၊ အကြံပြုချင်တာလေးတွေ ရှိရင်
Facebook 👉 https://www.facebook.com/dreamforgreenmyanmar
Instagram 👉 https://www.instagram.com/dreamforgreen.myanmar/
Youtube 👉 https://www.youtube.com/channel/UCcoeghnZc88UBLiDk6Nueqw/featured
Blog 👉https://dreamforgreenmyanmar.blogspot.com တွေမှာ အချိန်မရွေး ဆက်သွယ် အကြံပြုလို့ ရပါတယ် …

#DreamforGREEN #GREENforAllonEarth #စိမ်းလန်းခြင်းအတွက်အိပ်မက် #WorldWaterDay2023 #BeTheChange

Comments