ကမ္ဘာ့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေးနေ့ “World Wildlife Day 2023”

သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့ Greenies လေးတို့ရေ … 🍀

မတ်လ ၃ ရက်နေ့ဟာ ကမ္ဘာ့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေးနေ့ “World Wildlife Day” ဖြစ်ပါတယ် 💚

ကမ္ဘာနဲ့ သက်ရှိတွေရဲ့ ဂေဟစနစ် မပျက်သုဉ်းဖို့အတွက် တောရိုင်းတိရစ္ဆာန်နဲ့ အပင်မျိုးစိတ်တွေကို တရားမဝင် ကုန်သွယ်ခြင်းကနေ ထိန်းသိမ်းကာကွယ်ဖို့ ရည်ရွယ်ပြီး Convention on International Trade in Endangered Species of Wild Fauna and Flora (CITES) ဆိုတဲ့ နိုင်ငံတကာ သဘောတူညီမှု စာချွန်လွှာကို ၁၉၇၃ ခုနှစ်မှာ နိုင်ငံပေါင်း ၈၀ ကျော် ပါဝင် လက်မှတ်ရေးထိုးခဲ့တာဟာ နှစ် (၅၀) ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ် 🦣🦌🐅



၂၀၂၃ ခုနှစ်ရဲ့ World Wildlife Day အတွက် Theme က 'Partnerships for Wildlife Conservation’ ဖြစ်ပြီး ရွေးချယ်ထားတဲ့ အဓိကလုပ်ငန်း (၂) ခုဖြစ်တဲ့ စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာလုပ်ငန်းတွေနဲ့ ပင်လယ်နဲ့ရေလုပ်ငန်း အစရှိတဲ့ လုပ်ငန်းနယ်ပယ်တွေမှာ နိုင်ငံတကာအဆင့် (International)၊ ဒေသအပိုင်းအခြားနဲ့ နိုင်ငံအဆင့် (Regional and National) နဲ့ နယ်မြေအဆင့် (Local) စတဲ့ Level (၃) ခုအလိုက် ချိတ်ဆက်ဆောင်ရွက်မှုတွေပြုလုပ်ပြီး ရှားပါး မျိုးစိတ်တွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှု မဖြစ်စေပဲ လုပ်ကိုင်ဆောင်ရွက်ကြဖို့ ရည်သန်ခြင်း ဖြစ်ပါတယ် 🤝

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့မှာ ပထမဆုံးအနေနဲ့ World Wildlife Day Event ကို CITIES နဲ့အတူ United States Fish and Wildlife Service (US-FWS)၊ United Nations Development Program (UNDP)၊ the Secretariat of the Global Environment Facility (GEF Secretariat) တွေအပြင် CITIES ရဲ့ Partners တွေဖြစ်တဲ့ Jason Wild နဲ့ IFAW (International Fund for Animal Welfare) တွေနဲ့ ပူးပေါင်းပြီး ကမ္ဘာအနှံ့ အသိပညာဖြန့်ဝေဖို့နဲ့ လူတွေသတိပြုမိလာစေဖို့ လူငယ်အနုပညာပြပွဲပြိုင်ပွဲ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ် 🎊

Greenies တို့တွေအနေနဲ့ ဘယ်လိုပါဝင်လို့ရမလဲဆိုတော့ -

✅ ကမ္ဘာ့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေးနေ့အကြောင်း လူအများသိရှိစေဖို့ Post လေးကို #WorldWildLifeDay2023 #PartnershipforWildlifeConservation နဲ့ Share ကြမယ်

✅ အသုံးအဆောင်တွေနဲ့ မိတ်ကပ်ပစ္စည်းတွေရွေးချယ်ဝယ်ယူတဲ့အခါ သတ္တဝါတွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေပါဝင်နေတာ ဒါမှမဟုတ် စမ်းသပ်အသုံးပြုထားတာ (Cruelty-Free) ဟုတ် မဟုတ်ကို စစ်ဆေးပြီးမှ ဝယ်ယူကြမယ်

✅ နောက်ပြီး ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ တောရိုင်းတိရစ္ဆာန်တွေဖြစ်တဲ့ ကျား၊ ဆင်၊ ဒရယ် စတာတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး တရားမဝင် ကုန်သွယ်မှု ပြုလုပ်နေတာတွေ့ရင် သက်ဆိုင်ရာ အဖွဲ့အစည်းကို တိုင်ကြားရမှာ ဖြစ်ပါတယ်

CITIES အကြောင်း ပိုမိုလေ့လာချင်တယ်ဆိုရင်တော့ -
➡️ https://cites.org/eng/disc/what.php


ကိုးကားချက် (References):
https://trello.com/b/K3wOCIeL/world-wildlife-day-2023-cites50-media-assets

https://wildlifeday.org/en/outreach-material


Ğŕėēñïëś လေးတို့ မျှဝေချင်တာလေးတွေ၊ အကြံပြုချင်တာလေးတွေ ရှိရင်
Facebook 👉 https://www.facebook.com/dreamforgreenmyanmar

Instagram 👉 https://www.instagram.com/dreamforgreen.myanmar/

Youtube 👉 https://www.youtube.com/channel/UCcoeghnZc88UBLiDk6Nueqw/featured

Tiktok 👉 https://www.tiktok.com/@dreamforgreenmyanmar

Blog 👉 https://dreamforgreenmyanmar.blogspot.com တွေမှာ အချိန်မရွေး ဆက်သွယ် အကြံပြုလို့ ရပါတယ် …

#DreamforGREEN #GREENforAllonEarth #စိမ်းလန်းခြင်းအတွက်အိပ်မက် #WorldWildLifeDay2023 #PartnershipforWildlifeConservation

Comments