၂၀၂၃ ခုနှစ် ဧပြီလ ၂ ရက်နေ့အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်း

၂၀၂၃ ခုနှစ် ဧပြီလ ၂ ရက်နေ့အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းတွေကတော့ …

⚠️ အင်ဒိုနီးရှားနိုင်ငံရဲ့ ဂျာဗားကျွန်းပေါ်မှာ တည်ရှိတဲ့ မြို့တော် ဂျာကာတာဟာ လူဦးရေ ၃ သန်းနီးပါး နေထိုင်ပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကြောင့် နောက်လာမယ့် ၂၀၅၀ မှာ သန့်စင်သောရေရှားပါးလားမှု ပြဿနာနဲ့ ရင်ဆိုင်ရဖွယ်ရှိနေတာဖြစ်ပါတယ် ...

ငလျင်ဘေးအပြင် ဂျာကာတာဟာ တစ်နှစ်ကို ၆ စင်တီမီတာ နစ်မြုပ်လာနေတာကြောင့် အစိုးရက မြို့တော်အသစ်ကို ဘောနီယိုကျွန်းဆွယ်မှာ တည်ဆောက်သွားဖို့ စီစဉ်နေတာဖြစ်ပါတယ် …

မြို့တော်ကို ဂျာကာတာထက် ၄ ဆ ကြီးမားကျယ်ပြန့်အောင် တည်ဆောက်သွားမှာဖြစ်လို့ ဘောနီယိုကျွန်းရဲ့ ဂေဟစနစ်နဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှာကို ပြည်သူတွေအနေနဲ့ စိုးရိမ်မှု မြင့်တက်နေကြပါတယ် ….

⚠️ အင်္ဂလန်နိုင်ငံမှာ ဖေဖော်ဝါရီလအတွင်း မြစ်ရေခန်းခြောက်မှုဟာ နှစ် ၃၀ အတွင်း စံချိန်တင်အမှတ်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ် ...

မိုးအနည်းငယ်သာ ရွာသွန်းခဲ့ပြီး မြစ်ချောင်းတွေမှာ ရေအနည်းငယ်သာရှိခဲ့တာကြောင့် စိုက်ပျိုးရေးအတွက် တောင်သူတွေ အခက်တွေ့ခဲ့ရပြီး တောရိုင်းတိရစ္ဆာန် အချို့ သေဆုံးခဲ့ပါတယ် …

မြစ်ရေစီးဆင်းမှု နှေးကွေးလာတာကြောင့် ငါးတွေရဲ့ သားပေါက်မှု အလေ့အထကို ထိခိုက်နိုင်ပြီး သီးနှံတွေ စိုက်ပျိုးဖို့ အခက်အခဲရှိတာဖြစ်လို့ နွေရာသီနဲ့ ရေခန်းခြောက်မှုအတွက် လုံလောက်တဲ့ရေရရှိအောင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းတွေနဲ့ ရေဖြန့်ဖြူးထုတ်လုပ်တဲ့ ကုမ္ပဏီတွေပူးပေါင်းပြီး ရေအရင်းအမြစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ် …



Photo Credit: Google
ကိုးကားချက် (References):
https://www.euronews.com/green/2023/03/10/is-indonesias-plan-to-save-jakarta-by-building-a-new-capital-a-massive-ecological-disaster

https://www.bbc.com/news/science-environment-64966953


Ğŕėēñïëś လေးတို့ မျှဝေချင်တာလေးတွေ၊ အကြံပြုချင်တာလေးတွေ ရှိရင်
Facebook 👉 https://www.facebook.com/dreamforgreenmyanmar
Instagram 👉 https://www.instagram.com/dreamforgreen.myanmar
Youtube 👉 https://www.youtube.com/channel/UCcoeghnZc88UBLiDk6Nueqw/featured
Blog 👉https://dreamforgreenmyanmar.blogspot.com တွေမှာ အချိန်မရွေး ဆက်သွယ် အကြံပြုလို့ ရပါတယ် …

#DreamforGREEN #GREENforAllonEarth #စိမ်းလန်းခြင်းအတွက်အိပ်မက် #02Apr2023News

Comments