၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းတွေကတော့ …
⚠️ ဘန်ကောက်မှာ လူဦးရေထူထပ်ကာ စက်သုံးဆီအသုံးပြုယာဉ်တွေကြာင့် လေထုညစ်ညမ်းမှု ဆိုးရွားနေပြီး အစိုးရဝန်ထမ်းတွေကို အိမ်ကနေ အလုပ်လုပ်ကြဖို့ အစိုးရက ညွှန်ကြားထားပါတယ် ...
လေထုညစ်ညမ်းမှုကြောင့် လွန်ခဲ့တဲ့နှစ်မှတ်တမ်းများအရ လူပေါင်း ၂ သန်းခန့် ထိခိုက်ခံစားခဲ့ရကာ ထိုင်းနိုင်ငံလွှတ်တော်မှာ သွားလာရေးအသုံးပြုယာဉ်တွေကြောင့် လေထုညစ်ညမ်းရမှုနဲ့ ပတ်သက်ပြီး ဥပဒေတစ်ရပ် ဖော်ဆောင်ဖို့ ရှိနေတာ ဖြစ်ပါတယ် ….
💚 ဖေဖော်ဝါရီလ ၆ ရက်နေ့မနက်ပိုင်း ဂျပန်ငါးဖမ်းသမားတစ်ယောက်ရဲ့ မြို့တာဝန်ရှိသူတွေထံ သတင်းပေးချက်အရ ဂျပန်မြောက်ပိုင်း ဟိုကိုင်းဒိုးကျွန်း အနီးအနားရဲ့ ရေခဲနေတဲ့ ပင်လယ်ပြင်ကြီးမှာ ဝေလငါးအုပ်စု တစ်စု ပိတ်မိနေတာကို သိရှိခဲ့ရပါတယ် …
မြို့တာဝန်ရှိသူတွေက ကမ်းရိုးတန်းတစ်လျှောက် ရှာဖွေမှုတွေပြုလုပ်ခဲ့ကြပြီး Drone မှတ်တမ်းများအရ ဝေလငါးအကောင်အရေအတွက် ၁၃ ကောင်ခန့်ဟာ ခဲနေတဲ့ ရေခဲပြင်တွေကြားရဲ့ အရည်ပျော်နေတဲ့ ရေမျက်နှာပြင်နေရာကျဉ်းလေးတစ်ခုမှာ ရေပြင်ပေါ် ငုပ်ချည် ပေါ်ချည်နဲ့ လွတ်မြောက်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ် … 🐋
နောက်တစ်နေ့ တာဝန်ရှိသူတွေ ပြန်ရောက်လာတဲ့အချိန်မှာတော့ ဝေလငါးအုပ်စုဟာ အဲဒီနေရာမှာမရှိတော့ပဲ တခြားနေရာကို ကူးခတ်သွားကြပြီလို့ ယူဆရကြောင်း သိရှိရပါတယ် …
Photo Credit: Google
ကိုးကားချက် (References):
https://www.bbc.com/burmese/articles/clk81pj8j3ko
https://www.bbc.com/burmese/articles/cq57zw7047no
Facebook 👉 https://www.facebook.com/dreamforgreenmyanmar
Instagram 👉 https://www.instagram.com/dreamforgreen.myanmar
Youtube 👉 https://www.youtube.com/channel/UCcoeghnZc88UBLiDk6Nueqw/featured
#DreamforGREEN #GREENforAllonEarth #စိမ်းလန်းခြင်းအတွက်အိပ်မက် #21Feb2024News

Comments
Post a Comment