ကမ္ဘာ့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေးနေ့ “World Wildlife Day 2024”

 

သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့ Greenies လေးတို့ရေ … 🍀

မတ်လ ၃ ရက်နေ့ဟာ ကမ္ဘာ့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေးနေ့ “World Wildlife Day” ဖြစ်ပါတယ် 💚

၂၀၂၄ ခုနှစ်အတွက် Theme ကတော့ “Connection People and Planet: Exploring Digital Innovation in Wildlife Conservation” ဖြစ်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ Digital နည်းပညာ အရှိန်အဟုန်နဲ့ ထွန်းကားလာတဲ့ ရာစုနှစ်မှာ သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်းတိရစ္ဆာန်တွေကို ထိန်းသိမ်းကာကွယ်ဖို့ အချင်းချင်း လွယ်ကူစွာ ချိတ်ဆက်ဆောင်ရွက်ကာ တီထွင်ဆန်းသစ်မှုတွေ ဖော်ဆောင်နိုင်ဖို့ ရည်ရွယ်ပါတယ် 🐻



နေရာဒေသမျိုးစုံမှာ လူသားတွေရဲ့ နေ့စဥ်ဘဝဟာ အစာရေစာ၊ ဆေးဝါးနဲ့ အခြားလိုအပ်ချက်တွေအတွက် တောရိုင်းတိရစ္ဆာန် ဇီဝမျိုးစုံမျိုးကွဲတွေနဲ့ ဆက်စပ်မှုရှိနေတဲ့ ဂေဟစနစ်နဲ့ ကင်းကွာလို့မရနိုင်တာကို တွေ့ရပါလိမ့်မယ်

ဒါကြောင့် ကမ္ဘာ့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေးနေ့မှာ တရားမဝင် တောရိုင်းတိရစ္ဆာန်သတ်ဖြတ်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းနဲ့ လူတွေရဲ့ လုပ်ဆောင်မှုတွေကြောင့် တောရိုင်းတိရစ္ဆာန်များ မျိုးသုဉ်းပျောက်ကွယ်သွားမယ့် အန္တရာယ်ကို အလေးပေး ကာကွယ်ကြဖို့ အသိပေး သတိပေးလိုတာ ဖြစ်ပါတယ်

၂၀၂၄ ခုနှစ် ကမ္ဘာ့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေးနေ့အတွက် သတင်းစကားပါးလိုတဲ့ အကြောင်းအရာလေးတွေကို United Nations မှ မျှဝေထားတဲ့ ဗီဒီယိုကတဆင့် ကြည့်ရှုနိုင်ပါတယ်

Video ကြည့်ရှုရန် Link ➡️ https://youtu.be/UM63BWdQlXs


ကိုးကားချက် (References):

https://www.un.org/en/observances/world-wildlife-day

https://www.wildlifeday.org/en/materials


Ğŕėēñïëś လေးတို့ မျှဝေချင်တာလေးတွေ၊ အကြံပြုချင်တာလေးတွေ ရှိရင်
Facebook 👉 https://www.facebook.com/dreamforgreenmyanmar

Instagram 👉 https://www.instagram.com/dreamforgreen.myanmar/

Youtube 👉 https://www.youtube.com/channel/UCcoeghnZc88UBLiDk6Nueqw/featured

Tiktok 👉 https://www.tiktok.com/@dreamforgreenmyanmar

Blog 👉 https://dreamforgreenmyanmar.blogspot.com တွေမှာ အချိန်မရွေး ဆက်သွယ် အကြံပြုလို့ ရပါတယ် …

#DreamforGREEN #GREENforAllonEarth #စိမ်းလန်းခြင်းအတွက်အိပ်မက် #WorldWildLifeDay2024 #ConnectingPeopleAndPlanet


Comments