၂၀၂၄ ခုနှစ် ဧပြီလ ၅ ရက်နေ့အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်း

၂၀၂၄ ခုနှစ် ဧပြီလ ၅ ရက်နေ့အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းတွေကတော့ …

🚨 ဧပြီလ ၃ ရက်နေ့ မနက်ပိုင်းက နှစ်ပေါင်း ၂၅ နှစ်တာအတွင်း မကြုံစဖူး ပြင်းအား ၇.၄ ရှိတဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားတာကြောင့် လူပေါင်း ၉ ဦးသေဆုံးကြောင်း သိရပြီး ၈၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိကာ ပျောက်ဆုံးနေသူ ၁၀၀ ကျော်ကို ကယ်ဆယ်ရေးအဖွဲ့တွေက လိုက်လံရှာဖွေလျက်ရှိတယ်လို့ သိရပါတယ် ...

ဧပြီလ ၅ ရက်နေ့ ရရှိတဲ့ သတင်းများအရ မြို့တွင်း ကယ်ဆယ်ရှင်းလင်းနေမှုများ ပြီးစီးသလောက် ဖြစ်နေပြီး မြို့ပြင် ဟွာလီလန် ဒေသမှာ တောင်ပြိုမှုတွေ ရှိခဲ့တာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေ ဆက်လက်ရှာဖွေ ကယ်ဆယ်သွားမှာ ဖြစ်ပါတယ် ….

🐘 အမဲလိုက်ခြင်းကရရှိတဲ့ သားရဲတိရစ္ဆာန် ရုပ်လုံးသွင်း ပစ္စည်းတင်သွင်းမှုတွေ လျှော့ချဖို့ အငြင်းပွားမှုမှာ Botswana သမ္မတက ဂျာမနီနိုင်ငံကို ဆင်အကောင်ရေပေါင်း ၂ သောင်းခန့် ပို့လွှတ်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ် …

ဆင်တွေကို လက်ဆောင်အဖြစ် ပေးပြီး ဂျာမနီနိုင်ငံရဲ့ ပြောဆိုချက်အတိုင်း တိရစ္ဆာန်တွေနဲ့ အတူယှဉ်တွဲနေထိုင်တတ်စေဖို့ ပေးပို့မှာ ဖြစ်ကာ အဲဒီပေးပို့မှုကို ငြင်းဆန်မှု မပြုဖို့ ပြောဆိုပါတယ် …

Botswana နိုင်ငံမှာ ဆင်ပေါက်ဖွားမှုဟာ အကောင်ရေပေါင်း ၁ သိန်း ၃ သောင်းခန့် ရောက်ရှိနေတာကြောင့် အကျိုးဆက်အနေနဲ့ အဆောက်အအုံများ ဖျက်စီးခံရခြင်း၊ ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးခြင်းနဲ့ ဒေသနေပြည်သူများ ဆင်နင်းခံရခြင်း စတဲ့ ပြဿနာတွေ ထိခိုက်ခံစားနေရတာ ဖြစ်ပါတယ် …



Photo Credit: Google
ကိုးကားချက် (References):

https://www.bbc.com/burmese/articles/clkmmp883llo

https://www.bbc.com/news/world-asia-68719996

https://www.bbc.com/news/world-68715164


Ğŕėēñïëś လေးတို့ မျှဝေချင်တာလေးတွေ၊ အကြံပြုချင်တာလေးတွေ ရှိရင်
Facebook 👉 https://www.facebook.com/dreamforgreenmyanmar
Instagram 👉 https://www.instagram.com/dreamforgreen.myanmar
Youtube 👉 https://www.youtube.com/channel/UCcoeghnZc88UBLiDk6Nueqw/featured
Blog 👉https://dreamforgreenmyanmar.blogspot.com တွေမှာ အချိန်မရွေး ဆက်သွယ် အကြံပြုလို့ ရပါတယ် …

#DreamforGREEN #GREENforAllonEarth #စိမ်းလန်းခြင်းအတွက်အိပ်မက် #5Apr2024News

Comments