၂၀၂၄ ခုနှစ် ဧပြီလ ၁၃ ရက်နေ့အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်း

 ၂၀၂၄ ခုနှစ် ဧပြီလ ၁၃ ရက်နေ့အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းတွေကတော့ …

🚨 ဧပြီလ ၅ ရက်နေ့က သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ၂၄ နာရီပတ်လုံး မိုးအဆက်မပြတ် ရွာသွန်းခဲ့ပြီး မြစ်ရေချိန် မြင့်တက်ကာ ဆည်အတွင်းက ရေများကို မျှော်မှန်းတာထက် ၂ ရက်စောပြီး ဖောက်ချခဲ့ရတာကြောင့် ရေကြီးမှု ဖြစ်ပွားခဲ့ပါတယ် ...

ရေကြီးမှု ဆိုးရွားတာကြောင့် လျှပ်စစ်မီးများပြတ်တောက်သွားခဲ့ပြီး ဒေသခံလူထုများ ထောင်ချီပြီး နေရပ်စွန့်ခွာခဲ့ရကာ ဧပြီလ ၆ ရက်နေ့မှာ လူပေါင်း ၁၅၀ ကို ကယ်ဆယ်ရေးအဖွဲ့တွေက လိုက်လံကယ်ဆယ်ခဲ့ပြီး လူပေါင်း ၇၂ ဦး ကိုပါ ထပ်မံ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ် …

🚨 ရုရှားနိုင်ငံ Orst မြို့မှာ နှစ် ၈၀ အတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှုတွေ ဖြစ်နေပြီး ရေကာတာကျိုးပေါက်ခဲ့ကာ လူနေအိမ်ခြေပေါင်း ၄ ထောင် နဲ့ လူပေါင်း ၁ သောင်းခန့် ထိခိုက်ခံစားခဲ့ရတယ်လို့ ဆိုပါတယ် …

လူပေါင်း ၂ ထောင်ဝန်းကျင်ခန့်ကို ကယ်ဆယ်မှုများ ပြုလုပ်ပေးနိုင်ခဲ့ပြီး Orst မြို့ အနီးဝန်းကျင်က မြို့အတော်များများမှာလည်း ရေကြီးမှုများ ဆက်လက် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ် …



Photo Credit: Google
ကိုးကားချက် (References):

https://www.bbc.com/news/world-australia-68748796

https://www.bbc.com/news/world-europe-68746276


Ğŕėēñïëś လေးတို့ မျှဝေချင်တာလေးတွေ၊ အကြံပြုချင်တာလေးတွေ ရှိရင်
Facebook 👉 https://www.facebook.com/dreamforgreenmyanmar
Instagram 👉 https://www.instagram.com/dreamforgreen.myanmar
Youtube 👉 https://www.youtube.com/channel/UCcoeghnZc88UBLiDk6Nueqw/featured
Blog 👉https://dreamforgreenmyanmar.blogspot.com တွေမှာ အချိန်မရွေး ဆက်သွယ် အကြံပြုလို့ ရပါတယ် …

#DreamforGREEN #GREENforAllonEarth #စိမ်းလန်းခြင်းအတွက်အိပ်မက် #13Apr2024News

Comments