မြေကမ္ဘာနေ့ “International Mother Earth Day” 2024

သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့ Greenies လေးတို့ရေ … 🍀

ဧပြီလ ၂၂ ရက်နေ့ဟာ “International Mother Earth Day” မြေကမ္ဘာနေ့ ဖြစ်ပါတယ်

၂၀၀၉ ခုနှစ်မှ အစပြု ကျင်းပဆောင်ရွက်ခဲ့တဲ့ Earth Day ဟာ လူသားတွေနဲ့ အခြားသက်ရှိတွေ အတူတကွ ရှင်သန်နေထိုင်ရာ ကမ္ဘာမြေကို ထိခိုက်ပျက်စီးစေမယ့် အမျိုးမျိုးသော ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေနဲ့ ရာသီဥတု ပြောင်းလဲလာမှု၊ ဂေဟစနစ် ဖောက်ပြန်မှု၊ လူသားတွေရဲ့ လူနေမှုစနစ်ကြောင့် သယံဇာတများ ဆုံးရှုံးပျက်စီးမှု စတာတွေကို သတိပြုမိလာစေပြီး ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်မှုများ အရှိန်ဟုန်မြှင့် ဆောင်ရွက်လာစေဖို့ ရည်ရွယ်ပါတယ်


NASA နဲ့ အခြားဆက်စပ် အဖွဲ့အစည်းတွေက လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ကမ္ဘာမြေရဲ့ ၇၀ ရာခိုင်နှုန်းသော မျက်နှာပြင်ကို ဖုံးလွှမ်းထားတဲ့ ပင်လယ်ပြင်တွေအကြောင်း လေ့လာဖို့ ဂြိုလ်တု စီမံကိန်းကြီး ၃ ခုကို စတင်ဆောင်ရွက်ခဲ့ပါတယ်

လက်ရှိလုပ်ဆောင်နေတဲ့ စီမံကိန်းတွေနဲ့ သုတေသနပြုမှုတွေကို မွမ်းမံတိုးတက်လာစေပြီး မြစ်၊ ပင်လယ်နဲ့ ရေစီးကြောင်းတွေ စီးဆင်းလုပ်ဆောင်မှုပုံစံနဲ့  ပင်လယ်နဲ့ လေထုတွေဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ညစ်ညမ်းမှုနဲ့ အာဟာရဓာတ်တွေကိို ဘယ်လို လဲလှယ်ဆောင်ရွက်နေကြသလဲဆိုတာကို ပိုမိုနားလည်လာနိုင်ဖို့အတွက် ဖြစ်ပါတယ်


ကိုးကားချက် (References):

https://www.unep.org/events/un-day/international-mother-earth-day-2024

https://science.nasa.gov/toolkit/earth-day-posters/


Ğŕėēñïëś လေးတို့ မျှဝေချင်တာလေးတွေ၊ အကြံပြုချင်တာလေးတွေ ရှိရင်
Facebook 👉 https://www.facebook.com/dreamforgreenmyanmar

Instagram 👉 https://www.instagram.com/dreamforgreen.myanmar/

Youtube 👉 https://www.youtube.com/channel/UCcoeghnZc88UBLiDk6Nueqw/featured

Tiktok 👉 https://www.tiktok.com/@dreamforgreenmyanmar

Blog 👉 https://dreamforgreenmyanmar.blogspot.com တွေမှာ အချိန်မရွေး ဆက်သွယ် အကြံပြုလို့ ရပါတယ် …

#DreamforGREEN #GREENforAllonEarth #စိမ်းလန်းခြင်းအတွက်အိပ်မက် #IntlMotherEarthDay2024 

Comments