၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်း

 ၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းတွေကတော့ …

🚨 အိန္ဒိယမြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ အပူချိန် ၅၂.၃ စင်တီဂရိတ်အထိ စံချိန်တင် မြင့်တက်ခဲ့တာကြောင့် အနောက်မြောက်ပိုင်းဒေသအများအပြားအတွက် အနီရောင်သတိပေးချက်တွေ ထုတ်ပြန်ထားတာ ဖြစ်ပါတယ် …

ဒေသခံပြည်သူတွေပြောပြချက်များအရ အပြင်သွားလာဖို့အတွက်တောင် ခက်ခဲပြီး လေအေးပေးစက်အသုံးမပြုဘဲ အလုပ်လုပ်ဖို့ အဆင်မပြေဖြစ်နေကာ Heat stroke ကြောင့် လူ ၃ ဦး သေဆုံးပြီး ဖြစ်တယ်လို့ သိရှိရပါတယ် …

🐘 အိန္ဒိယတောင်ပိုင်း တမီလ် နာဒူးပြည်နယ်မှာ ဆင်တွေ ရွှေ့ပြောင်းသွားလာတဲ့ လမ်းကြောင်းမှာ ရထားလမ်းတွေ ရှိနေပြီး ရထားတိုက်ခံရမှုကြောင့် ဆယ်စုနှစ်အတွင်း ဆင်ပေါင်း ၃၆ ကောင်ရှိခဲ့တာကြောင့် သစ်တောဌာနနဲ့ ရထားဌာနတို့ ပူးပေါင်းပြီး ဂျာရာဂျူ လို့ခေါ်တဲ့ AI စောင့်ကြည့်ရေးစက်များ တပ်ဆင်ပေးနေတာ ဖြစ်ပါတယ် …



Photo Credit: Google
ကိုးကားချက် (References):

https://www.bbc.com/news/articles/c166xxd4y36o

https://www.bbc.com/burmese/articles/czddpz3e72wo


Ğŕėēñïëś လေးတို့ မျှဝေချင်တာလေးတွေ၊ အကြံပြုချင်တာလေးတွေ ရှိရင်
Facebook 👉 https://www.facebook.com/dreamforgreenmyanmar
Instagram 👉 https://www.instagram.com/dreamforgreen.myanmar
Youtube 👉 https://www.youtube.com/channel/UCcoeghnZc88UBLiDk6Nueqw/featured
Blog 👉https://dreamforgreenmyanmar.blogspot.com တွေမှာ အချိန်မရွေး ဆက်သွယ် အကြံပြုလို့ ရပါတယ် …

#DreamforGREEN #GREENforAllonEarth #စိမ်းလန်းခြင်းအတွက်အိပ်မက် #31May2024News

Comments