၂၀၂၄ ခုနှစ် ဇွန်လ ၂၂ ရက်နေ့အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်း

 

၂၀၂၄ ခုနှစ် ဇွန်လ ၂၂ ရက်နေ့အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းတွေကတော့ …

🚨 နယူးမက္ကဆီကိုမှာ ဇွန် ၁၇ ရက်နေ့ကစကာ ဆိုးရွားကြောက်မက်ဖွယ်ကောင်းတဲ့ တောမီးလောင်ကျွမ်းနေတာ ဖြစ်ပြီး မြေပြင် ဧက ၂ သောင်းခန့် ထိခိုက်ပျက်စီးနိုင်တယ်လို့ ခန့်မှန်းချက်များအရ သိရပါတယ် …

တောမီးလောင်ကျွမ်းမှုကို ကြီးမားတဲ့ သဘာဝဘေးအန္တရာယ်လို့ သတ်မှတ်ထားပြီး ဒေသခံပြည်သူ ၇ ထောင် ၈ ရာခန့် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရကာ ကနေဒါနိုင်ငံရဲ့ ပြည်နယ် ၆ ခုကိုပါ အပူချိန်မြင့်မားမှု သတိပေးချက်တွေ ထုတ်ပြန်ထားတာ ဖြစ်ပါတယ် …

🚨 ကမ္ဘာကြီးပူနွေးလာမှုကြောင့် အမေရိကန်နိုင်ငံ အနောက်မြောက်ပိုင်းဒေသတွေမှာ သိသိသာသာ စံချိန်တင် အပူချိန် ၁.၄ စင်တီဂရိတ် မြင့်တက်ခဲ့တယ်လို့ World Weather Attribution (WWA) အဖွဲ့အစည်းရဲ့ မေလနဲ့ ဇွန်လအစောပိုင်းကာလအတွင်း နိုင်ငံတဝှန်း အပူချိန်မြင့်တက်လာမှုတွေကို လေ့လာချက်များအရ သိရှိရပါတယ် …



Photo Credit: Google
ကိုးကားချက် (References):

https://www.bbc.com/news/articles/cz99ml81z03o

https://www.bbc.com/news/articles/czvvqdg8zxno


Ğŕėēñïëś လေးတို့ မျှဝေချင်တာလေးတွေ၊ အကြံပြုချင်တာလေးတွေ ရှိရင်
Facebook 👉 https://www.facebook.com/dreamforgreenmyanmar
Instagram 👉 https://www.instagram.com/dreamforgreen.myanmar
Youtube 👉 https://www.youtube.com/channel/UCcoeghnZc88UBLiDk6Nueqw/featured
Blog 👉https://dreamforgreenmyanmar.blogspot.com တွေမှာ အချိန်မရွေး ဆက်သွယ် အကြံပြုလို့ ရပါတယ် …

#DreamforGREEN #GREENforAllonEarth #စိမ်းလန်းခြင်းအတွက်အိပ်မက် #22June2024News

Comments