၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်း

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းတွေကတော့ …

🚨 ယခုနှစ်အစပိုင်း ဇန်နဝါရီလမှာ အမေရိကန်နိုင်ငံရဲ့ လော့စ်အိန်ဂျယ်လိစ်မြို့တဝိုက် အကြီးအကျယ် တောမီးလောင်ကျွမ်းခဲ့မှုကြောင့် ဆုံးရှုံးမှုပမာဏဟာ ဒေါ်လာ ၁၃၅ ဘီလီယံကနေ ၁၅၀ ဘီလီယံအထိ ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ် …

တောမီးကြောင့် သေဆုံးသူအရေအတွက်ဟာ အယောက် ၃၀ နီးပါးခန့်ရှိခဲ့ပြီး နေအိမ်အလုံးပေါင််း တစ်သောင်းခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ် …

ကမ္ဘာကြီးပူနွေးလာမှုဟာ အလွန်ခြောက်သွေ့တဲ့ ရာသီဥတုအခြေအနေကို ဖြစ်ပေါ်စေတာက တောမီးလောင်ကျွမ်းမှုကို ပိုမိုဆိုးရွားစေတဲ့ အဓိက အကြောင်းရင်းတစ်ရပ် ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုကြပါတယ် …

🚨 တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်းမှာ တောမီးလောင်ကျွမ်းမှုကြောင့် မတ်လ ၂၆ ရက်နေ့က ရရှိတဲ့ သတင်းများအရ လူ ၂၇ ယောက်ခန့် ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ ၂ သောင်း ၃ ထောင်ခန့်ကို နေရပ်စွန့်ခွာဖို့ ညွှန်ကြားမှုများ ပြုလုပ်ထားတာ ဖြစ်ပါတယ် …

တောမီးဟာ မတ်လ ၂၁ ရက်နေ့ခန့်က စတင် လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး နှစ်ပေါင်း ၁ ထောင့် ၃ ရာ သက်တမ်းရှိ ရှေးဟောင်း ဗုဒ္ဓသာသနာပြု ဘုရားကျောင်းဟာလဲ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရပါတယ် …


Photo Credit: Google
ကိုးကားချက် (References):
https://www.bbc.com/news/articles/cd9qy4knd8wo
https://www.bbc.com/news/articles/c1lp365pd1go

Ğŕėēñïëś လေးတို့ မျှဝေချင်တာလေးတွေ၊ အကြံပြုချင်တာလေးတွေ ရှိရင်
Facebook 👉 https://www.facebook.com/dreamforgreenmyanmar
Instagram 👉 https://www.instagram.com/dreamforgreen.myanmar
Youtube 👉 https://www.youtube.com/channel/UCcoeghnZc88UBLiDk6Nueqw/featured
Blog 👉https://dreamforgreenmyanmar.blogspot.com တွေမှာ အချိန်မရွေး ဆက်သွယ် အကြံပြုလို့ ရပါတယ် …

#DreamforGREEN #စိမ်းလန်းခြင်းအတွက်အိပ်မက် #GREENforAllonEarth #28Mar2025News

Comments